Sunday 8 May 2011

Remember Your ABCs


To Achieve Your Dreams

Remember Your ABCs

Avoid negative sources, people, things and habits!

Believe in yourself!

Consider things from every Angle!

Don’t Give Up!

Enjoy Life Today: Yesterday is Gone and Tomorrow may Never Come!

Family and Friends are Hidden Treasures. Seek them and Value them!

Hang on to Your Dreams!

Ignore those who try to discourage you!

Just Do it!

Keep on Trying. No Matter how hard it seems. It will get better!

Love yourself First and Foremost!

Make it happen!

Never Lie, Cheat, or Steal. Always Strike A Fair Deal!

Open your eyes and see things as they really are!

Practice make perfect!

Quitters never win and winner never quit!

Read, Study and Learn about everything important thing in your life!

Stop Procrastinating!

Take control of your own destiny!

Understand yourself in order to better understand others!

Visualize it!

Want it more than anything!

Xccelerate your effort!

You are unique amongst all of nature’s Creations!

Zero in on your target and go for it!

Saturday 7 May 2011

အချစ်ဆိုတာဘယ်လိုလဲ.................


ခင်ပွန်း
တစ်ခါတလေမှာ သူဟာ ကလေးဆိုးကြီးနဲ့ တူတတ်တယ်။
ရုံးဝတ်စုံကို ချွတ်ပြီးနောက် သူ့ပုံစံကို တစ်မျိုးပြောင်းခွင့်ပေးလိုက်ပါ
သွားတိုက်ဆေးဗူးကို လုံအောင်မပိတ်တတ်တဲ့ သူ့ကို ဗွေမယူပါနဲ့။
သွယ်ဝိုက်ပြီး အကြိမ်ကြိမ် သတိပေးမှ ကိုယ့်မွေးနေ့ကို မှတ်မိတတ်တဲ့သူ့ကို ခွင့်လွတ်နားလည်ပေးပါ။
တကယ်တော့... သန်မာထွားကြိုင်းတဲ့ သူ့ခန္ဓာအောက်က အသဲနှလုံးတစ်စုံဟာ
သူ့မိန်းမဆီက ခွင့်လွတ်နားလည်မှု နည်းနည်းနဲ့ ချစ်ခြင်းမေတ္တာတွေကို လိုအပ်နေပါတယ်။

ဇနီး
သူ့ဆီမှာ ကိုတောင်းဆိုတဲ့အရာတွေက ကိုယ့်မိခင်ဆီ ကိုယ်တောင်းဆိုတဲ့အရာလို သဘာဝကျပါသလား?
တစ်ခြားကဏ္ဍကနေ ပါဝင်ကြည့်ပါ။
တစ်ခါတလေ ကလေးနို့ပုလင်းကို ကိုင်ကြည့်ပါ။
တစ်ခါတလေ မီးဖိုချောင်ဝင်ကြည့်ပါ။
လိုအပ်တဲ့ ဆန်၊ ဆီ၊ ဆားအပြင် ဂရုစိုက်မှု၊ နားလည်မှုနဲ့
ချိုမြိန်တဲ့ စကားတွေ သူ့ကိုနည်းနည်း ပိုပေးလိုက်ပါ။

သားသမီး
သေးငယ်တဲ့ သူ့ရဲ့လက်တွေ နောင်တစ်ချိန်မှာ ဘယ်လိုလက်ဖဝါးကြီးမျိုး ဖြစ်နိုင်မလဲ?
ရီပို့ကတ်ပေါ်က အမှတ်တွေကို သူ့ဆီက ကိုယ်တောင်းဆိုသလို ပတ်ဝန်းကျင်၊ သဘာဝတရားတွေကို သူခံစားတတ်အောင် သင်ပေးပါ။
စိတ်ဓာတ်တွေ သန်မာကြံ့ခိုင်အောင် သင်ပေးသလို နူးညံ့ပျော့ပျောင်းတဲ့ နှသားသားတစ်စုံ ရှိသင့်ကြောင်းလည်း ပြောပြပါ။
သူကြီးပြင်းရာ လမ်းတစ်လျှောက်မှာ လမ်းညွှန်ဆုံးမသူအဖြစ် အဖော်ပြုပေးပါ။

မိဘ
အချိန်မီသေးတဲ့အချိန်မှာ တန်ဖိုးထားပါ။
ကိုယ့်သားသမီးတွေရဲ့ ငိုသံက ကိုယ့်မိဘတွေရဲ့ သက်ပြင်းချသံထက် ပိုကြင်နာမှုရခဲ့ပါတယ်။
သားသမီးတွေ ကျောင်းလွတ်တဲ့အချိန်ကို ကိုယ်မမေ့ပေမယ့်
ကိုယ်အိမ်ပြန်ချိန်ကို မျှော်နေတတ်တဲ့ မိဘတွေရဲ့ ဂရုစိုက်မှုကိုတော့ ကိုယ်လျှစ်လျှူရှူမိတတ်တယ်။
လောဘရမ္မက်ရဲ့ တောင်းဆိုမှုကို ဥစ္စာပစ္စည်းတွေက မဖြည့်တင်းပေးနိုင်ပါဘူး။
အရေးကြီးတာက မိဘတွေကို ကိုယ့်ရဲ့အချိန်တွေ နည်းနည်းပိုပေးဖို့ပါပဲ။

မောင်နှမ
stand by me ကိုယ့်ဖက်မှာပဲ သူရှိနေခဲ့တယ်။
အဖေက အစ်ကို့ကို ပိုအလိုလိုက်တယ်လို့ ထင်ခဲ့တယ်။
အမေက ညီမလေးကို ပိုချစ်တယ်လို့ ထင်ခဲ့တယ်။
တကယ်တော့... လက်ဖဝါးချင်းပါပဲ၊ သွေးရင်းတွေပါပဲ
ကိုယ်လိုအပ်ချိန်မှာ သူတို့က ကိုယ်ဖက်မှာ ရှိနေခဲ့ပါတယ်။

ချစ်သူ
အချစ်က တစ်လမ်းသွားမဟုတ်ပါဘူး။ ရောင်ပြန်ဟပ်တတ်ပါတယ်။
ကိုယ်ပေးဆပ်သလောက် ပြန်ရတာပါပဲ။
စိတ်ဆိုးချိန်မှာ သူ(သူမ)ရဲ့ ကောင်းကွက်ကို ရှာကြည့်ပါ။
မကျေနပ်ချိန်မှာ သူ(သူမ)ရဲ့ အနစ်နာခံခဲ့တာကို သတိရပါ။
အေးစက်ချိန်မှာ သူ(သူမ)ရဲ့ နွေးထွေးမှုကို အမှတ်ရပါ။
ပေးဆပ်ခြင်းကို နှစ်ယောက်စလုံးနားလည်ခဲ့ရင် အချစ်က ထာဝရတည်တံ့ပါတယ်။
နှလုံးသားချင်းထပ်ပြီး နှစ်ယောက်အတူ ချစ်ဖို့ရာ မလွယ်ကူပါဘူး။
လမ်းခွဲတဲ့စကားကို လွယ်လွယ်ကူကူ မပြောလိုက်ပါနဲ့.....
***(ဘယ်အချိန်မှာပဲဖြစ်ဖြစ်.. မင်းရဲ့ချစ်တဲ့သူကို လက်မလွတ်လိုက်ပါနဲ့..... မင်းချစ်နေတယ်ဆိုတာ.. သူသိအောင်ပြောပါ.... မင်းကိုချစ်နေတဲ့သူတွေ.. ရှိနေတယ်ဆိုတာ မင်းသဘောပေါက်ပါ..
မင်းဟာ...တယောက်ထဲ မဟုတ်ဘူးဆိုတာ မင်းခေါင်းထဲမှာ အသေမှတ်ထားပါ
ဒီစာကိုဖတ်ပြီးရင်...မင်းမှားတာတွေ..မင်းလွန်ခဲ့တာတွေ..ကိုဝန်ချတောင်းပန်ပါ
အဲ့ဒီအတွက်မင်းဝန်မလေးပါနဲ့..........မင်းမရှက်ပါနဲ့
ဘယ်တော့မှ..မင်းရဲ့ချစ်တဲ့သူတွေကို စိတ်ပျက်အောင်မလုပ်မိစေပါနဲ့)***

အချစ်ဟင်းအိုးပြန်နွေးနည်း

ချစ်တတ်တဲ့သူတိုင်း အမြဲစိမ်းလန်း သာယာနေတဲ့ အချစ်သစ်တောလေး ပိုင်ဆိုင်ဖို့နဲ့ အချစ်ဟင်းအိုးလေး အေးစက်နေခဲ့ရင် ဘယ်လိုပြန်နွှေးမလဲ ဆိုတာပါပဲ။ ကဲ.. သင့်အချစ်တွေကို ဘယ်လိုပြန်နွှေးမလဲ။ ချစ်တော့ ချစ်ချင်တယ်။ ဒါပေမယ့် အလုပ်ရှုပ်မခံချင်ဘူး ဆိုတာမျိုးမလုပ်ပါနဲ့။ သင်ချစ်တဲ့ သူတိုင်း ဒီနေ့ထက်မနက်ဖြန် ပိုချစ်ချစ်လာမယ်။ မနေ့ကထက် ဒီနေ့ ပိုချစ်ကြမယ်ဆိုတာချည်းပါပဲ။ လူနှစ်ဦးကြားမှာ သံယောဇဉ်ကြိုးတစ်ချောင်း ခိုင်မြဲဖို့ဆိုတာ လွယ်တဲ့ ကိစ္စတော့မဟုတ်ပါဘူး။ တစ်ချို့စုံတွဲတွေမှာ အချိန်အများကြီးယူတယ်။ တစ်ချို့ကြတော့ ချစ်ဖို့အတွက် သံယောဇဉ်ခိုင်မြဲဖို့အတွက် အချိန်တွေက ဘယ်လို မျက်လှည့်ပြသွားတယ် မသိပါဘူး။ သိပ်ချစ်ပါတယ် ဆိုတဲ့ လူတွေမြင်ဖူးပါတယ်။ စကားတွေ ကြားဖုးပါတယ်။ အချိန်တွေ မကြာကြီးမလိုပါဘူး။ လိုအပ်တာ ယုံကြည်မှုနဲ့ နားလည်မှုပါ။ အထက်က စကားကိုပြန်စပ်ပါမယ်။ အချစ်ဟင်းအိုးလေးပြန်နွှေးဖို့.............
၁။ ချစ်သူများနေ့
၂။ နှစ်ပါတ်လည်နေ့
၃။ လပါတ်လည်နေ့
၎။ သင့်ချစ်သူရဲ့မွေးနေ့
၅။ သင့်မွေးနေ့
၆။ လက်စကိုင်တဲ့နေ့
၇။ ရည်းစားစကား စပြောတဲ့နေ့
၈။ ပထမဆုံးမျက်လုံးချင်းဆုံလို့ရင် ခုန်ခဲ့တဲ့နေ့
၉။ ရင်ထဲမှာ ပီတိအဖြစ်ရဆုံးနေ့
၁၀။ သူ့ကြောင့်အင်အားတွေရပြီး ပျော်ရွှင်မှုတွေ ရရှိခဲ့တဲ့နေ့
စသည်ဖြင့် အမှတ်တရနေ့ရက်တွေ မှတ်သားထားပါ။ သူမမှိတ်မိရင်တောင် သင်ကအဲဒီနေ့ မရောက်ခင် သတိပေးပြောပေးပါ။ အချစ်ကို ရိုသေလေးစားပါ။ ပေါ့ပျက်ပျက် စကားတွေ မပြောပါနဲ့။ စိတ်ထဲက မပါဘဲ မပြောပါနဲ့။ ချစ်တတ်တဲ့သူတွေ အတွက် မျက်ဝန်းအကြည့်တွေက အစ အဓိပ္မါယ်တွေ ပြည့်နှက်နေပါတယ်။ အေးစက်စက်ချစ်သူကို အကြင်နာတွေ ရွှန်းဆိုနေတဲ့ မျက်ဝန်းတွေနဲ့ ကြည့်ပေးပါ။ ခုမှ တရေးနိုးသဖွယ် ထုံထိုင်းနေတဲ့ ချစ်သူကို သူပျော်စေမယ့် စကားတွေနဲ့ဆွဲဆောင်ပါ။ အလုပ်တွေနဲ့ ရှုပ်နေတဲ့ ချစ်သူကို ခွန်အားတွေ ပေးကြည့်ပါ။ အရိပ်တကြည့်ကြည့်နဲ့ အေးဆေးဆေးဘေးနားမှာ နေပေးပါ ။ ချစ်တတ်တဲ့ သူတစ်ယောက်ဖြစ်ဖို့ဆိုတာ မလွယ်ပါဘူး။ ဒီလိုပါပဲ ချစ်ခံနိုင်ရည်ရှိတဲ့ သူဖြစ်ဖို့ဆိုတာလည်း မလွယ်ပါဘူး။ နှစ်ဦးနှစ်ဘက်မျှတမှ အချစ်တွေက လတ်ဆတ်မွှေးပျံ့နိုင်မှာပါ။ မဆာလာ နိုင်နိုင်ဖြူးသလိုမျိုးပေါ့။ ထာ၀၇အမြဲ သင်တို့အချစ်တွေ အပ်ကြောင်းထပ် ထည်ထားချင်ပါသလား။ ဒါ ဆို I LOVE YOU ချစ်တယ် ဆိုတဲ့ စကားပြောဖို့ ဘယ်တော့မှ မတွန့်ဆုတ်နဲ့။ မရှက်နဲ့......
(နေရာဒေသမရွေး လစ်ရင်လစ်သလိုပြော ဘယ်တော့မှစိတ်ဆိုးဘူး၊ ချစ်တယ် ဆိုတဲ့ စကားက ချစ်သူနား ထဲမှာ အကြားချင်ဆုံးစကားပဲ အလိုချင်ဆုံးအရာထဲမှ ချစ်သူပေးတဲ့ အမွှေးပံျ့ဆုံးပန်းလိုပါပဲ။ချောကလက်ဆိုတာကလဲ အချစ်ကိုဖော်ပြတဲ့ လက်ဆောင်ပစ္စည်းတွေက အနှစ်သာရအပြည့်ဝဆုံး လက်ဆောင် တမျိုးပေါ့။ ပေးကြည့်။ ဟင်းအင်း ချောကလက်စားရင် ဝ လာမှာပေါ့လို့ သာပြောမယ်။ မယူတဲ့သူမရှိဘူး။ ချစ်သူကို သိပ်ချစ်နေပါတယ် ဆိုတဲ့အကြောင်း သတိ၇တိုင်း စာေ၇းကြည့် mp 3 နဲ့ဖမ်းထားပါ ခံစားချက် အစစ်အမှန် တွေကိုလိမ်လို့ မရပါဘူး။) ဒီနည်းလေးက လေ့လာမိသမျှ ရင်ကိုအထိ ဆုံးပေါ့။ သူပေးခဲ့ဖူးတဲ့ လက်ဆောင်အသေးအဖွဲ ကအစ တယုတယပြန်ပြီး ဘယ်လိုတန်ဖိုးထား ကြောင်းပြပါ။ သူပြောခဲ့ဖူးတဲ့ စကားတွေက အကြိုက်ဆုံးတွေကို အကြောင်းအရာ အဖြစ်အပျက်နဲ့တကွပြန်ပြောပေးပါ။ မမြင်ရတဲ့ထောင့်တနေ ရာမှာ အချစ်အိမ်လေး ခိုင်မြဲနေကြောင်း ယုံကြည်မှု သက်သေပြပါ။ ကဲ...နောက်ဆုံးအနေနဲ့ အချစ်ဟင်းအိုးလေး မြန်မြန်မွှေး နိုင်မယ့် အချက်လေးတွေကို တိုတိုတုတ်တုတ် အဟုတ်လမ်းညွှန်နိုင်ပါတယ်။
၁။ သွားခဲ့ဖူးတဲ့နေရာတွေကို ထပ်သွားပါ။
၂။ စားခဲ့ဖူးတဲ့အစားအစာတွေကို ပြန်စားပါ။
၃။ ဝတ်ခဲ့ဖူးတဲ့အမှတ်တရ၀တ်စုံလေးတွေကို အတူဝတ်ကြပါ။
၎။ လုပ်ခဲ့ဖူးတဲ့ အမှတ်တရလေးအတိုင်း ဆက်လုပ်ပါ။
၅။ စတွေ့တုန်းကအတိုင်း အပြုအမူ၊ အနေအထိုင်တွေ လုပ်ကြည့်ပါ။
၆။ ပွင့်ပွင့်လင်းလင်း ညှိယူပါ။
၇။ ကိုယ့်ဘက်က ချစ်သူအလိုကျ ပျော်ပျော်၇ွှင်၇ွှင် လိုက်နေကြည့်ပါ။
၈။ မေ့မရတဲ့ပျော်စရာတွေ အကြောင်းအရာတွေ ပြန်ပြောပေးပါ။
၉။ အမှတ်တရ နေ့ရက်လေး၊ စိတ်လှုပ်ရှားစရာ နေ့ရက်လေးမျိုး ပြန်လုပ်ကြည့်ပါ။
၁၀။ ရင်ခုန်ရဆုံးနေ့လေးရဲ့ အဖြစ်အပျက်တွေကို သတိရပေးလိုက်ပါ။
ကဲ..ပျော်စရာအချစ်အိမ်လေးက အပြုံးမျက်နှာနဲ့လူ ဖြစ်ချင်ရင်တော့ ဒီနည်းလေးတွေကို လိုက်လုပ်ကြည့် ပါ။

Friday 6 May 2011

အချစ်အတွက် အချစ် (ဒသနများ )


(1) အရာရာတိုင်းကိုပြောင်းချင်ပြောင်းပါ. ။
သင့်အချစ်ကိုတော့ မပြောင်းလဲပါနဲ. ။

(2) အချစ်နဲ. တွေ. ရင် လူတိုင်း ကဗျာဆရာဖြစ်လာတယ်


(3) တစ်ခြားကိစ္စတွေအားလုံးထက် အချစ်ကိုနည်းနည်းပိုပြီးဂရုစိုက်ပါ ။

(4)ချစ်တတ်သောနှလုံးသားသည် အမြဲနုပျိုနေ၏ ။

(5) အချစ်စစ်တို့မည်သည် ဖြောင့်ဖြူးရိုးမရှိ ။

(6) ချစ်တယ်ဆိုတာ ခက်ခက်ခဲခဲဒူးထောက်အရှုံးပေးရခြင်းပါပဲ ။

(7) အချစ်စစ်ဇာတ်လမ်းတွေမှာ......ဘယ်တော့မှ အဆုံးသတ်မရှိဘူး ။

( ခွဲခွာရတဲ့အချိန်မရောက်သေးမချင်း အချစ်ဟာဘယ်လောက်နက်ရှိုင်းတယ်ဆိုတာ မသိကြပါဘူး ။
(ဟုတ်တယ်နော်......... )

(9) အချစ်ဆိုတာအပြုံးနဲ့စ .... အနမ်းနဲ့ ကြီးပျင်းလာပြီး....... မျက်ရည်စက်နဲ့အဆုံးသတ်၇တယ် ။

(10) ချစ်ချင်ချစ်ပါ ၊ မုန်းချင်မုန်းပါ ၊ ဥပေက္ခာတော့မပြုထားပါနဲ့ . မခံစားနိုင်လို.ပါ ။

(11) အချစ်ဆိုတာအဆုံးမရှိတဲ့ ခံစားမှုပါပဲ ။

(12) အချစ်မှာမျက်စိမပါဘူးဆိုပြီး ဘာကြောင့်လူကြိုက်များနေရတာလဲ ။

(13) မျက်မှောင်မကြုတ်ပါနဲ့ .... ဘာဖြစ်လို.လည်းဆိုတော့ မင်းရဲ့အပြုံးကို
ဘယ်သူကကြိုက်နှစ်သက်နေလိမ့်မလဲဆိုတာ....မင်းမသိနိုင်လို.ပါပဲ ။

(14) အချစ်ရဲ့အကောင်းဆုံးသက်သေက ယုံကြည်မှု ပါပဲ ။

(15) အချစ်ကိုတန်ဖိုးမထားသူသည် တန်ဖိုးရှိသောအချစ်မျိုးကိုဘယ်သောအခါမှ မရနိုင်ပေ ။

(16) အချစ်ဆိုသောအရာကို ရွာစဉ်လှည့်လည်ကာ လိုက်ရှာရန်မလိုပါ ။
သင်နှင့်ထိုက်တန်သော အချစ်သည် တစ်နေရာတွင် မုချရှိနေပါသည် ။
သူရောက်လာလျှင် အဆင်သင့်ဖြစ်စေရန်သာ သင့်အနေနှင့် ကြိုးစားထားပါ ။

အချစ်..............

(၁) အချစ်ကမ္ဘာဟာ စိတ်ညစ်၊ ကြေကွဲခြင်းပေါင်းတစ်ထောင် ထည့်ထားနိုင်လောက်အောင် ကြီးသလို လူသုံးယောက်ဝင်နေရင် အသက်ရှူမဝ မွန်းကျပ်လောက်အောင်လည်း သေးငယ်သတဲ့။

(၂) ကမ္ဘာကြီးအဖို့တော့ သင်ဟာ လူတွေထဲက လူတစ်ယောက်ပေါ့။ ဒါပေမယ့် လူတစ်ယောက်အဖို့တော့ သင်ဟာ သူ့ကမ္ဘာဖြစ်တယ်။

(၃) သင့်အတွက် အချိန်မပေးနိုင်သူအပေါ် သင့်အချိန်တွေကို မဖြုန်းပါနဲ့။

(၄) တစ်ကြိမ်တစ်ခါမှ မချစ်ဖူးတာထက် ချစ်ဖူးပြီးမှ အချစ်ကိုဆုံးရှုံးတာက ပိုကောင်းတယ်။

(၅) အချစ်ဟာ လူကိုရင့်ကျက်စေတယ်။ ဒါမှမဟုတ် နစ်မွန်းစေတယ်။

(၆) ပြီးဆုံးသွားတဲ့အချစ်အတွက် ငိုကြွေးမနေနဲ့... ချစ်ခဲ့ဖူးတဲ့အချစ်အတွက် ပြုံးလိုက်ပါ။

(၇) ကိုယ်ချစ်တဲ့လူကလည်း ကိုယ့်ကိုယ်ချစ်နေတယ်ဆိုရင် ဒါဟာ ထူးဆန်းအံ့သြစရာတဲ့။ ဒီအံ့သြစရာကို ဘုရားသခင်က ချစ်သက်ဝင်တယ်လို့ အမည်ပေးခဲ့တယ်။

(၈) ကိုယ်ချစ်တဲ့လူရဲ့ အချစ်ကိုခံရတဲ့ ခံစားချက်က ဘယ်လိုလဲ? ဘယ်လိုခံစားချက်မျိုးလဲ?
ဒါကို သင်ချက်ချင်းဖြေချင်နေခဲ့ရင် သင်ဟာ အပျော်ဆုံးလူဆိုတာ သိထားလိုက်ပါ။

(၉) မျှော်လင့်ချက်နဲ့ ယုံကြည်မှုဆိုတာ အိမ်မြှောင်ရဲ့အမြီးနဲ့တူတယ်။ အချိုးခံရပြီးလည်း ပြန်ပြန်ထွက်တယ်။

(၁ဝ) ကိုယ်မုန်းတဲ့အရာပေါ် အောင်နိုင်တာထက် ကိုယ်ချစ်တဲ့အရာပေါ် ရှုံးနိမ့်တာက ပိုကောင်းတယ်။

(၁၁) ဝမ်းနည်းကြေကွဲနေလည်း မျက်နှာကို ရှုံ့မဲ့မထားနဲ့။
သင့်အပြုံးကို ချစ်မိသွားနိုင်မယ့်သူ ရှိလို့ပါ။

(၁၂) ငါ့ကိုထားသွားပြီဆို ကျေးဇူးပြုပြီး မနှစ်သိမ့်နဲ့တော့.....
အပ်တစ်ချက်ချုပ်တိုင်း ချုပ်ရာတစ်ချက် နာရလို့ပါ။

(၁၃) ပျော်ရွှင်ခြင်းရဲ့သော့ချက်ဆိုတာ ပြီးပြည့်စုံတဲ့လူနဲ့ ကြုံရလို့မဟုတ်ဘူး။
ပြီးပြည့်စုံတဲ့ဘဝဖြစ်အောင် အတူကြိုးစားမယ့်လူနဲ့ ကြုံတာဖြစ်တယ်။

(၁၄) သူ့ရဲ့ကောင်းကွက်ကိုပဲချစ်တဲ့ အချစ်ကို အချစ်လို့မခေါ်ဘူး။
သူ့ရဲ့ဆိုးကွက်ကိုလည်း ချစ်တဲ့အချစ်မှ အချစ်လို့ခေါ်တယ်။

Monday 25 April 2011

ဘ၀ တစ်ကွေ့မှတ်တိုင်........

နှစ်တွေတော့ တော်တော်ကြာခဲ့ပြီ.. ဒါပင်မဲ့ သူငယ်ချင်းများကို သတိရသောစိတ်နှင့် ကာယခွန်အား၊ ဝိညာဉ်ခွန်အားကို နေ့စဉ်နှင့်အမျှ ရရှိခဲ့သောဘဝနေ့ရက်များကို ယနေ့တိုင် နှလုံးသားထဲတွင် အမှတ်တရရှိနေဆဲ.......

×××ဖြောက်...ဖြောက်... ဖြောက်...ဖြောက်... စက္ကန့်သုံးဆယ်ခန့်ကြာသော လက်ခုပ်သံက နားထဲရောက်လာသောကြောင့် နံနက်ပိုင်းရဲ့ချမ်းအေးသော ရာသီဥတုနှင့်အတူ ကျွန်တော့်သဘာဝပျင်းပြီး အိပ်ရာထဲတွင် အီလေးဆဲတတ်သော အကျင့်တို့ကို အန်တုရင်း နိုးထခဲ့ရပြီ။ တိတ်ဆိတ်ငြိမ်သက်မှုကို ပြိုခွင်းလိုက်ကြသော ကျွန်တော်တို့ကျောင်းသားများ အိပ်ရာနှိုးထမှုမှာ ကျွန်တော်တို့နေထိုင်ရာ ကျောင်းတော်ကြီး ကို သက်ဝင်လှုပ်ရှားစေခဲ့ပြီ။ မျက်နှာသစ်သူကသစ်၊ သွားတိုက်သူကသွားတိုက်၊ ရေချိုးသူကရေချိုး၊ အဝတ်လှဲသူကလှဲ နှင့် ဝတ်ပြုခန်းလေးထဲသို့သွားသူကသွားနေချိန်များမှာတော့ ဒိန်း...ဒေါင်... ဒိန်း...ဒေါင်... ဒိန်း...ဒေါင်... နှင့်ဘုရားကျောင်းခေါင်လောင်းသံမှာ ကြားသူရင်ထဲတွင် အေးချမ်းမှုကိုခံစားရသော်လည်း ကျွန်တော့်မှာ သာယာငြိမ်းအေးမှုကို မခံစားရဘဲ နောက်ကျရင် ကျွန်တော်တို့ကို ထိန်းသော အကြီးအကဲ ဆူဆဲမည်ကိုသာ ကြောက်နေမိသည်။ ဒါပင်မဲ့လည်း နောက်ကျနေကျ အကျင့်ဖြစ်နေသော ကျွန်တော်မှာ အခြားသောသူများ နံနက်မေတ္တာဆိုပြီးခါနီးမှသာ ရောက်ရှိသွားခဲ့သည်။

နေ့တစ်နေ့ကို မင်္ဂလာရှိလှစွာသော ဝိညာဉ်ခွန်အားကို ဝတ်ပြုကိုးကွယ်ခြင်းဖြင့် စတင်ရရှိခဲ့ကြပြီး ထမင်းစားခန်းမသို့ သွားကာ နေ့တစ်နေ့တာ ရုန်းကန်လှုပ်ရှားရန် အတွက် လိုအပ်သောခွန်အားများ ရရှိဖို့ရာ မိန်ရည်ရှက်ရည် အတူတကွ စားသုံးကြသည်။ ထမင်းစားချိန်မှာတော့ ပန်ကန်သံ၊ ခွက်သံများကို ကြားရပြီး ထမင်းစားမေတ္တာ ဆိုပြီးသွားတာ နှင့်အမျှ စကားသံများနှင့် ကျောင်းတော်ကြီးမှာ စည်ကားလှပါတယ်။ ဒါပင်မဲ့လည်း ကျွန်တော်တို့ရဲ့ သမိုင်းပေးတာဝန်လည်းဖြစ် အနာဂတ်ရည်မှန်းချက်လည်းဖြစ်တဲ့ ပညာရည်နို့သောက်စို့ဖို့ရာ စာသင်ကျောင်းကြီးကို သွားရောက်ခဲ့ကြသည်။

စာသင်ကျောင်းရောက် သောအခါ ညီရင်းအစ်ကိုပမာ နေထိုင်ကြသော ကျွန်တော်တို့နေထိုင်ရာ ကျောင်းတော်ကြီးမှ သူများအားလုံးကို အဆင့်အတန်းအမျိုးမျိုး ခွဲခြားထားသော အတန်းအသီးသီးတို့ကို ပို့ဆောင်ခဲ့သည်။ တစ်နေတာလုံး မမောနိုင်မပန်းနိုင်ဘဲ ပျော်ရွှင်စွာဖြင့် ပညာရည်များကို မြိန်ရည်ရှက်ရည် သောက်သုံးခဲ့ကြခဲ့ပြီး နေထိုင်ရာကျောင်းတော်ကြီးသို့ မြူတူးစွာပြန်ကြသည်။

နေထိုင်ရာကျောင်းတော်ကြီးသို့ ရောက်ရှိသောအခါ ခေါင်းဆောင်များက ခွဲထားပေးသော ကျောင်းတော် သန့်ရှင်းရေး တာဝန်များကို ကျရာနေရာမှ အတူတကွ ပူးပေါင်းဆောင်ရွက်ခဲ့ ကြသည်။ ကျောင်တော်ကြီးကို သန့်ရှင်းပြီးနောက် ကိုယ်ခန္တာ ကို ဖျတ်လတ်တ်ကြွဖို့ရာ ဘောလုံးကွင်းသို့ပြေးသူကပြေး၊ ဘောလီဘောပုတ်သူကပုတ်၊ စားပွဲတင်တင်းနစ်ကစားသူက ကစား၊ ခြင်းလုံးခတ်သူကခတ်ဖြင့် ကျွန်တော်တို့၏ ပုံရိပ်များမှာ ကျောင်းတော်ကြီးကို မြင်ရသူတိုင်းစိတ်အမောများ ပြေပျောက်သွားပေသည်။  

တစ်နေလုံးပင်ပန်းသမျှကို လန်းဆန်းသွားစေသော သဘာဝရေများရဲ့ အထိအတွေ့ကြောင့်လား ကစားထားတဲ့ အတွက်ကြောင့်လား၊ ကျွန်တော်တို့ရဲ့ သမုဒ္ဒရာဝမ်းတစ်ထွာကြောင့်လား တော့ မသိ ဆာလောင်မှုကိုသာ သိသော ကျွန်တော် အဖို့ ကျောင်းတော်ရဲ့ ထမင်းစားခန်းကို ရေချိုးပြီးပြီးချင်း ရောက်ရှိခဲ့သည်။ ထမင်းစားမေတ္တာ ဆိုပြီးပြီဆိုတာနဲ့ ကျွန်တော့်လက်က ပန်းကန်ကို ဆွဲ၊ ထမင်းကို ထည့်ပြီး သူငယ်ချင်းများအတွက်ကို မစဉ်းစား မကြည့်နိုင်တော့ဘဲ ပန်းကန်နှင့်မျက်နှာအပ်ကာ လက်မှမချနိုင်ဖြစ်ခဲ့ရသည်။

ခန္တာခွန်အား ဖြည့်စည်းပြီးသွားသောအခါ ဝိညာဉ်ခွန်အားများဖြည့်စည်းဖို့ရာ ဝတ်ပြုခန်းထဲတွင် တခြားသော သူငယ်ချင်းများ စိတ်ပုတီးစိတ် မေတ္တာဆိုနေချိန်မှာတော့ ကျွန်တော်က အိမ်မက် ကောင်းကြီးထဲမှာ မယ်တော်(မာရိယာ = ဘုရား၏အမေ)နဲ့ တွေ့နေခဲ့သည်။ ဒီလိုနဲ့တစ်နေ့တာရဲ့ သောက်သုံးခဲ့သော ပညာနို့ရည်များကို စမြုပ်ပြန်ဖို့အချိန်ရောက်ရှိခဲ့ချိန်မှာလည်း ကျွန်တော်ထုံးစံ အရ အိမ်မက်ထဲမှာ ကျက်မှတ်နေခဲ့သည်။ အဲ့ဒီလိုကျက်မှတ်ခဲ့သောကြောင့် ဆရာ၊ ဆရာမများ အကြီးအကဲများ၏ ဆိုဆုံးမမှုကို ခံယူခဲ့ရသည်လည်း ကျွန်တော်၏ စာသင်သားဘဝ သက်တမ်းတစ်လျှောက်ဖြစ်ခဲ့သည်။

တစ်နေ့တာလုံးကို အကျိုးရှိစွာ အသုံးချသူကချ၊ အကျိုးမဲ့စွာ ဖြုန်းတဲ့သူကဖြုန်း ဖြင့် နေ့တစ်နေ့၏ နောက်ဆုံးအချိန် ဖြစ်သော ညမေတ္တာဆို တရားထိုင်ပြီး ဆင်ခြင်သုံးသပ်ချိန်မှာတော့ သူငယ်ချင်းသူကောင်းများကို နှောက်ယှက်ခဲ့သောကျွန်တော် ဒီအချိန်မှာတော့ မျက်လုံးကြီးပြူးလို့ပေါ့...
ဒီလိုနဲ့ နေ့တစ်နေ့တာကို နိဂုံးချုပ် ကာလာကာချကာ အိပ်ရာထဲသို့ရောက်ရှိခဲ့သည်။

မှတ်ချက်။      ။ ရှည်လွန်းရင် ဖတ်ဖို့ပျင်းတဲ့ သူငယ်ချင်းများအဖို့ တတ်နိုင်သမျှ အတိုချုံးပြီး ရေးသားထားသော ကြောင့် ယေဘူယျ အကြောင်းအရာကို ဖော်ထားခြင်းဖြစ်ပါသည်။ ဒါလေးနဲ့ဘဲ သူငယ်ချင်းများကို သတိရကြောင်း ရင်ထဲမှာ ရှိကြောင်းဖော်ပြထားခြင်း ဖြစ်ပါတယ်...
ကျွန်တော်နဲ့ မရင်းနှီးသောသူများကတော့ ဒီလူဘာအကြောင်းကို ရေးတာလဲ ဖြစ်ကောင်းဖြစ်ပေမဲ့
ကျွန်တော်နဲ့ ရင်းနှီးသောသူများကတော့ အတိတ်ရဲ့ စာမျက်နှာကို သတိရဖို့နဲ့ သူငယ်ချင်းများကို မမေ့ပါနဲ့ လို့ ဒါလေးနဲ့ ပြောလိုက်ပါရစေ.....................

Friday 22 April 2011

သေချာစဉ်းစားကြည့်ပါ.........'ပြောတာလွယ်လိုက်တာ'

`ငါ မင်းကို ချစ်တယ်´ ဆိုတဲ့ စကားလေးအတွက်ပါ`ငါ မင်းကို ချစ်တယ်´ ဆိုတဲ့စကားလေးအတွက် စဉ်းစားကြည့်ရအောင်လို့ တင်ပြလိုက်ပါတယ်။


ဇောချွေးတွေ ပြန်နေတာလား။ ရင်ခုန်နှုန်းတွေ တဒုန်းဒုန်းနဲ့ ဖြစ်နေတာလား။ ပြောဖို့ စကားတွေက ရင်ခေါင်းထဲကနေကို မထွက်ဘူး ဖြစ်နေတာလား။
ဒါ အချစ် မဟုတ်ဘူး။ အဲဒါ သဘောကျတာပါ။

မင်းရဲ့ မျက်စိအောက်က အပျောက်ကို မခံနိုင်ဘူး။ တစ်ခဏလေး လက်တွဲဖြုတ်ရမှာကို သိပ်စိုးရိမ်နေတယ်။
ဒါ အချစ် မဟုတ်ဘူး။ အဲဒါ ရမ္မက်ပါ။

ဂုဏ်ယူပြီး သူ့ကို ထုတ်ကြွားမယ်။ အဲဒီလို ထုတ်ကြွားရတာကိုပဲ သဘောကျနေတယ်။
ဒါ အချစ် မဟုတ်ဘူး။ မင်း ကံကောင်းလို့ပါ။

မင်းရဲ့ အနားက တစ်ဖ၀ါးမှ မကွာ သူ့ကို နေစေချင်တာလား။
ဒါ အချစ် မဟုတ်ဘူး။ အထီးကျန်လို့လေ။

လူတိုင်း လိုလားအပ်တဲ့ အရာတစ်ခုမို့ သူ့ကို မင်းအနားမှာ ရှိစေချင်တာလား။
ဒါ အချစ် မဟုတ်ဘူး။ ပိုင်ဆိုင်ချင်စိတ်ပါ။

သူက မင်းကို အနမ်းလေး ပေးတယ်။ မင်းရဲ့ လက်ကလေးကို မြဲမြဲ ဆုပ်ကိုင်ထားလို့ မင်း သူ့အနားမှာ ရှိနေတာလား။
ဒါ အချစ် မဟုတ်ဘူး။ ကိုယ့်ကိုယ်ကို ယုံကြည်မှု နည်းနေလို့ပါ။

အချစ်ပါလို့ ဖြောင့်ချက်ပေးပြီး သူ့အနားမှာ မင်းနေပေးတာ သူ့ကို လုံးဝ မထိခိုက်စေချင်လို့ မဟုတ်လား။
ဒါ အချစ် မဟုတ်ဘူး။ သနားတာလေ။

သူ့ရဲ့ အကြည့်တစ်ချက်မှာ ရင်ခုန်သံ ရပ်တန့်မတတ် ဖြစ်သွားလို့ သူ့ကို ပုံအပ်လိုက်ချင်တာလား။
ဒါ အချစ် မဟုတ်ဘူး။ အရူးအမူး စွဲလမ်းတာ လောက်ပါ။

သူ့ကို သိပ် ဂရုစိုက်လို့ သူ့အပြစ်တွေကို ခွင့်လွတ်ပေးနိုင်တာလား။
ဒါ အချစ် မဟုတ်ဘူး။ သူငယ်ချင်းကောင်းတစ်ယောက်ရဲ့ ခင်မင်ရင်းနှီးမှုပါ။

အတွေးထဲမှာ နေ့တိုင်းလိုလို သူ့တစ်ယောက်တည်းပဲ ရှိနေတယ်လို့ မင်း သူ့ကိုပြောသလား။
ဒါ အချစ် မဟုတ်ဘူး။ လိမ်နေတာ။

သူ့အတွက် ကိုယ့်ကြိုက်တဲ့ အရာအားလုံးကို စွန့်လွှတ်ဖို့ ၀န်မလေးဘူး မဟုတ်လား။
ဒါ အချစ် မဟုတ်ဘူး။ အဲဒါ ပေးကမ်း စွန့်ကြဲ ရဲတဲ့ စိတ်ဓါတ်ပါ။

---------------------------------------------------------------------------------------------------------------------------------------------------------------------------


သူ ၀မ်းနည်းတဲ့အခါ မင်း အသည်းကြွေမတတ် ခံစားရသလား။
ဒါမှ အချစ်လေ။

သူရဲ့ နာကျင်မှုတွေ အတွက် အပြင်ပန်း မဟုတ်တောင် စိတ်ထဲက ကျိတ် ငိုကျွေးခဲ့ရသလား။
အဲဒါ အချစ်လေ။

မင်းရဲ့ မေတ္တာစစ် မေတ္တာမှန်နဲ့ မင်းရဲ့ ရင်တွင်း ခံစားချက်တွေကို သူ မြင်နိုင်ရဲ့လား။
ဒါမှ အချစ်လေ။

ဒုက္ခတွေ သုခတွေနဲ့ စည်းနှောင်ထားပြီး အဲဒီ ကြီးမားတဲ့ အားတွေက မင်းတို့ နှစ်ယောက်ကို လက်တွဲညီညီ ဖြစ်အောင် ဖန်တီးထားတာလား။
ဒါဆို အချစ်လေ။

သူ့ရဲ့ အားနည်းချက်တွေကို သူ့ရဲ့ အစိတ်အပိုင်း တစ်ခုအနေနဲ့ လက်ခံထားတာလား။
အဲဒါ အချစ်ပါ။

တခြားသူတွေကို စွဲဆောင်ဖို့ ကြိုးစားပေမယ့် သူ့ကိုပဲ အကြောင်းပြချက်မရှိဘဲ သစ္စာရှိရှိနဲ့ အတူ လက်တွဲနေသလား။
ဒါဆို အချစ်လေ။

မင်းရဲ့ နှလုံးသား၊ မင်းရဲ့ အသက်နဲ့ မင်းရဲ့ ဘ၀ကို သူ့ကို ပေးဖို့ ၀န်မလေးဘူးလေ။
ဒါဟာ အချစ်ပဲပေါ့။

ကဲ .................. သူငယ်ချင်းတို့လဲ
တကယ်အချစ်စစ်နဲ့ ချစ်မချစ်ဆိုတာ ကိုယ့်ကိုယ်ကိုပြန်စမ်းစစ်ကြည့်ကြအုံးနော် :)