Friday, 22 April 2011

ယောက်ျားလေး က မိန်းခလေးတစ်ယောက်ကို ချစ်မိရင်......

(၁) မိုးသက်လေပြင်းကျချိန် ချစ်သူ မိုးစိုမှာစိုးလို့ အကာအကွယ်ပေးပြီး လိုက်မိုးပေးသူ

(၂) သူ့လက်ကို တွဲမိချိန် ကိုယ့်ဆီက ကြောက်ရွံ့မှုတွေ အဝေးကို ပြေးစေသူ

(၃) ချမ်းအေးတဲ့ ဆောင်းမနက်မှာ ကိုယ့်ချစ်သူကို နွေးထွေးတဲ့ လက်တစ်စုံပေးသူ

(၄) ကိုယ့်စိတ်ပျက် အားငယ်လို့ မျက်ရည်ကျချိန် ချစ်သူကို  မှီစရာ ပုခုံးတစ်စုံ ငှားပေးသူ

(၅) ဂျုလီယာ ရောဘတ်ကို ကြိုက်ပေမယ့် ဒီကမ္ဘာမှာ အချောဆုံး အလှဆုံးဟာ ကိုယ့်ချစ်သူပါလို့ ပြောသူ

(၆) ဂျက်ကီချန်းကားလို အက်ရှင်ဇတ်ကားတွေ ကြိုက်ပေမယ့် လွမ်းဆွေးစရာ ကိုးရီးယားကားတွေကို မပျင်းမရိဘဲ ကိုယ့်ချစ်သူနဲ့အတူ လိုက်ကြည့်တတ်သူ

(၇) ကောင်းကင်က ကြယ်တွေကို ကိုယ့်ချစ်သူနဲ့အတူ စိတ်ရှည်လက်ရှည် လိုက်ရေတတ်သူ

(၈) ကိုယ့်ချစ်သူရဲ့မွေးနေ့ကို မှတ်မိပြီး လက်ဆောင်ပစ္စည်း ဝယ်ဖို့ မေ့ချင်ယောင်ဆောင်တတ်သူ

(၉) ကိုယ့်ချစ်သူဒေါသထွက်လို့ ကိုယ့် ရင်ပတ်ကိုထုချိန် အနမ်းတစ်ပွင့်နဲ့ နှစ်သိမ့်တတ်သူ

(၁၀) မျိုမကျပေမယ့် ကိုယ့်ချစ်သူ ချက်တာသာ အကောင်းတကာ့  အကာင်းဆုံးဆိုပြီး အားပါးတရ စားပြတတ်သူ

No comments:

Post a Comment