Friday, 22 April 2011

တန်ဖိုး ရှိအောင် ထိန်းသိမ်းစေလို..............

ဖခင်ဖြစ်သူက သမီးဖြစ်သူကို ခေါ်ပြီးပြောတာကနေ စကြရအောင်….
အဖေ...သမီးကိုတစ်ခုပြမယ်.အရေးကြီးတယ်နော်..
ပြီးတော့ ဖခင်ဖြစ်သူက တစ်စုံတစ်ခုကို အင်္ကျီအိပ်ထဲကနှိက်ပြီး လက်ထဲဆုပ်ကိုင်ထားလိုက်ပါတယ်။
ဘာလဲဆိုတာသိချင်လားလို့သမီးဖြစ်သူကိုမေးတယ်။
သမီးဖြစ်သူက ခေါင်းညှိက်တဲ့အခါမှာတော့ ဒါဆို သမီး ထိုင်ထ ၁ခေါက်လုပ်..
သမီးဖြစ်သူက ထိုင်ထ လုပ်လဲပြီးရော ဖခင်ဖြစ်သူက ၃ ခေါက်လုပ်မှပြမယ်လို့ဆိုပြန်တယ်။
သမီးဖြစ်သူလုပ်လဲပြီးရော ၅ ခေါက်လုပ်မှပြမယ်လို့ဆိုပြန်တယ်။
သမီးဖြစ်သူကလဲ ၅ခေါက်လုပ်ပြန်ပါတယ်။
ပြီးတော့ ဖခင်ဖြစ်သူက ၁၀ ခေါက်အထိ ဆိုလာပြန်တယ်။
ထိုအခါ သမီးဖြစ်သူက ၁၀ခေါက်လုပ်ပြီးတော့..အဖေရယ် သမီးကို ဘာလဲဆိုတာသိအောင်ပြပါတော့လို့ဆိုတယ်။
အဲ့ဒီတော့မှ ဖခင်ဖြစ်သူက လက်ထဲမှာဆုပ်ကိုင်ထားတာလေးကို ဖွင့်ပြလိုက်တော့ အကြွေတစ်မတ်စေ့ ဖြစ်နေတယ်။
အဲ့ဒီအကြွေစေ့လေးကိုပဲ လက်ထဲမှာနောက်တစ်ခေါက်ပြန်ဆုပ်
ကိုင်လိုက်ပြီးတော့ သမီးဖြစ်သူကို ထိုင်ထ ၁၀ ခေါက်လုပ်ရင်ပြမယ်လို့ပြောတယ်။
သမီးဖြစ်သူက မတွေ့ချင်ပါဘူး.. သမီးတွေ့ပြီးပြီပဲဟာ..လို့ပြန်ပြောလိုက်တယ်။
ထိုအခါ
ဖခင်ဖြစ်သူက ၁ ခေါက်ပဲလုပ်ပါသမီးရယ်..အဖေပြပါ့မယ်လို့ဆိုသတဲ့။
၁ခေါက်လဲမလုပ်နိုင်ဘူး..တွေ့ပြီးမြင်ပြီးသားပဲဟာလို့ .... သမီးကပြန်ပြောသတဲ့။
ဒါဆို အလကားပဲပြမယ်သမီးရယ်....ကြည့်မလား....လို့ဖခင်ကပြန်မေးတယ်။
အလကားလဲ မတွေ့ချင်ပါဘူး..တွေ့ပြီးမြင်ပြီးသွားရင်ဘာတန်ဖိုးရှိတော့တာမှတ်လို့…ဆိုပြီးသမီးဖြစ်သူကပြန်ပြောတယ်။
အဲ့ဒီတော့မှဖခင်ဖြစ်သူက.. ဒီဥပမာလေးလိုပဲသမီးရယ်...မတွေ့ခင်
မမြင်ခင်က တန်ဖိုးကြီးမားပြီး လိုသလို ခိုင်းလို့ရတဲ့ ဒီမတ်စေ့လေးဟာ တွေ့မြင်သွားပြီးတဲ့နောက်မှာ တန်ဖိုးမရှိတော့ဘူးမဟုတ်လား…
ဒီလိုပဲသမီးရေ..ထိန်းသိမ်းစောင့်ရှောက်ထားသင့်တဲ့အရာတွေကိုလဲ အချိန်မတန်ခင်မှာ တန်ဖိုးမဲ့သွားအောင် သူတစ်ပါးကို ပေးမမြင် ပေးမတွေ့သင့်ဘူး..သမီးတို့ရဲ့ အပျိုစင်ဘ၀ကိုလဲဒီမတ်စေ့လေးလိုပဲ အချိန်မတန်ခင် တန်ဖိုးမဲ့သွားအောင် သူတစ်ပါးကိုပေးမမြင် ပေးမတွေ့သင့်ဘူး။

ကဲ.ဒါဆို..သူငယ်ချင်းတို့ရဲ့မတ်စေ့လေးကရော တန်ဖိုးရှိသေးရဲ့လားဟင်****

ယောက်ျားလေး က မိန်းခလေးတစ်ယောက်ကို ချစ်မိရင်......

(၁) မိုးသက်လေပြင်းကျချိန် ချစ်သူ မိုးစိုမှာစိုးလို့ အကာအကွယ်ပေးပြီး လိုက်မိုးပေးသူ

(၂) သူ့လက်ကို တွဲမိချိန် ကိုယ့်ဆီက ကြောက်ရွံ့မှုတွေ အဝေးကို ပြေးစေသူ

(၃) ချမ်းအေးတဲ့ ဆောင်းမနက်မှာ ကိုယ့်ချစ်သူကို နွေးထွေးတဲ့ လက်တစ်စုံပေးသူ

(၄) ကိုယ့်စိတ်ပျက် အားငယ်လို့ မျက်ရည်ကျချိန် ချစ်သူကို  မှီစရာ ပုခုံးတစ်စုံ ငှားပေးသူ

(၅) ဂျုလီယာ ရောဘတ်ကို ကြိုက်ပေမယ့် ဒီကမ္ဘာမှာ အချောဆုံး အလှဆုံးဟာ ကိုယ့်ချစ်သူပါလို့ ပြောသူ

(၆) ဂျက်ကီချန်းကားလို အက်ရှင်ဇတ်ကားတွေ ကြိုက်ပေမယ့် လွမ်းဆွေးစရာ ကိုးရီးယားကားတွေကို မပျင်းမရိဘဲ ကိုယ့်ချစ်သူနဲ့အတူ လိုက်ကြည့်တတ်သူ

(၇) ကောင်းကင်က ကြယ်တွေကို ကိုယ့်ချစ်သူနဲ့အတူ စိတ်ရှည်လက်ရှည် လိုက်ရေတတ်သူ

(၈) ကိုယ့်ချစ်သူရဲ့မွေးနေ့ကို မှတ်မိပြီး လက်ဆောင်ပစ္စည်း ဝယ်ဖို့ မေ့ချင်ယောင်ဆောင်တတ်သူ

(၉) ကိုယ့်ချစ်သူဒေါသထွက်လို့ ကိုယ့် ရင်ပတ်ကိုထုချိန် အနမ်းတစ်ပွင့်နဲ့ နှစ်သိမ့်တတ်သူ

(၁၀) မျိုမကျပေမယ့် ကိုယ့်ချစ်သူ ချက်တာသာ အကောင်းတကာ့  အကာင်းဆုံးဆိုပြီး အားပါးတရ စားပြတတ်သူ

မချစ် မမုန်း၊ အကောင်းဆုံး........

ချစ်သော သူတို့နှင့်လည်း မပေါင်းလင့် ၊ မုန်းသော သူတို့နှင့်လည်း မပေါင်းလင့်။ ချစ်သော သူတို့ကို
မမြင်ရခြင်းသည် ဆင်းရဲ၏။ မုန်းသော သူတို့ကို မြင်ရခြင်းသည်လည်း ဆင်းရဲ၏။ ထို့ကြောင့်

လူကိုဖြစ်စေ ၊ ပစ္စည်းဥစ္စာကို ဖြစ်စေ ချစ်ခင် စွဲလန်းခြင်းကို မပြုရာ။ ချစ်ခင် စွဲလန်းဖွယ်တို့ နှင့်

ကွေကွင်းရခြင်းသည်လည်း မကောင်းသည်သာတည်း။ ချစ်ခြင်း မုန်းခြင်း မရှိသောသူတို့ အား

အနှောင်အဖွဲ့ တို့ သည် မရှိကြကုန်။
(ဓမ္မပဒ ၊ ဝိယပဂ် ၊ တယောဇန ပဗ္ဗဇိတ ဝတ္ထု)